ITUC



ITUC Myanmar Office, Japan IUF-JCC, JTUC- RENGO,   JICHIRO, Sumitomo Chemical Workers' Union, BOJ/NPO,   Yanmar Union, Yokohama city, Nagano met with   500 farmers from five townships ( Kyauktan,   Thanlyin, Khayan, Kawa, Thonekhwa
Japanese trade unions did awareness raising on supply chain. They provided Japanese
 technologies for farmers and talked about fertilizers and pesticide issues.
Date: 2013 October 30-31
Place: Khayan Township


............................................................ 



အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားရောက်

၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
သမဂ္ဂစာစဉ်

ITUC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ အလုပ်သမားသမဂ္ဂတွေ၊ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့ FTUB အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အကြီးတန်းရှေ့နေ ဦးမြတ်လှ နဲ့ အလုပ်သမား ၀န်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

ITUC ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေပြီးတော့ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာပြည်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့သူကတော့ အိုင်အယ်လ်အို လူ့အခွင့်အရေးနဲ့ သမဂ္ဂအခွင့်အရေး ဌာနရဲ့ ညွန်ကြားရေးမှူး Mr. Stephen Benedict ဖြစ်ပြီး ဥပဒေရေးရာအကြံပေး Mr. Jeffrey Vogt နဲ့ အာရှ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာ အကြီးတန်းအရာရှိ Mr. Patuan Samosir လည်းပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ အလုပ်သမား သမဂ္ဂတွေဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုဇုန်အလုပ်သမားများသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနဲ့ တောင်သူလယ်သမားများအဖွဲ့ချုပ် ၊ သတင်းမီဒီယာအလုပ်သမားများသမဂ္ဂ ၊ ချည်မျှင်၊အထည်ချုပ်နဲ့သားရေ အလုပ်သမားများသမဂ္ဂ၊ ဒိုက်ဦးမြို့နယ်အထွေထွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသမဂ္ဂ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့ FTUB ရဲ့အဖွဲ့ဝင်တွေ အပါအ၀င် FTUB ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမျိုးအောင်သန့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တခါ ITUC ရဲ့ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အကြီးတန်းရှေ့နေ ဦးမြတ်လှနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေ့နေတွေ၊ လယ်သမားတွေ၊ လူငယ်တွေ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မကြာသေးမီက မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ဥပဒေအသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကိုယ်စားလှယ်အဖွဲ့က ရွေပြည်သာ စက်မှုဇုံကိုသွားရောက်ခဲ့ပါတယ်။ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးမြင့်သိန်းက အလုပ်သမားတွေကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို သွားရောက်လေ့လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နေပြည်တော်ကိုသွားပြီး အလုပ်သမား ၀န်ကြီးဌာနရဲ့ အမှုဆောင် ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်း၊ အကျဉ်းထောင်ဥပဒေနဲ့ အလုပ်သမား နည်းဥပဒေများ အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်း ရွေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   ဌာနချုပ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ အားပေးတဲ့အကြောင်းနဲ့ ITUC ရဲ့အထွေထွေအတွင်းရေးမှူးချုပ် Sister Sharan Burrow ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် သ၀ဏ်လွာပေးပို့တာကို ပြောကြား ဆွေးနွေးခဲ့ကြပါတယ်။

ပြီးတော့ ကိုယ်စားလှယ်အဖွဲ့ဟာ လှိုင်သာယာစက်မှုဇုန်ကိုသွားပြီးတော့ အလုပ်သမားတွေလုပ်နေတဲ့ လုပ်ငန်းခွင်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ 

*************************************************************************************


International Trade Union Confederation (ITUC) delegation visits Burma

Feb 17, 2012
Trade Unions

ITUC delegation, in its first ever visit to Burma, met with Trade Unions who had applied for registration, met with released FTUB members, NLD leader Daw Aung San Suu Kyi, Bago divsion NLD leader U Myat Hla and Ministry of Labor.

 A delegation from the ITUC visited Burma on 12th to 16th of February 2012.  The delegation was headed by Mr. Stephen Benedict, Director of the Human and Trade Union Rights (HTUR) department and also included Mr. Jeffrey Vogt, Legal Advisor of the ITUC and the HTUR, and Mr. Patuan Samosir Senior Officer, Organizing and Projects ITUC Regional Organization for Asia-Pacific (ITUC-AP).

During the visits, the delegation met with the representatives from the Myanmar Industrial Trade Unions (MITU), the Agriculture and Farmers Federation of Myanmar (AFFM), the Journalist Press and Publication Workers' Union (JPPWU) and the Textile and Garment and Leather Workers Union (Bago) and the Daikoo General and Transport Workers Union. They also met with FTUB leader Myo Aung Thant. 

They also met with U Myat Hla a senior attorney and leader of the Bago region NLD. Also in the meeting were lawyers, farmers and youth. The discussion was on the legal interpretation on the recently passed Labor Organization Law and past and present functions and interpretations of the labor law in Burma/Myanmar.

On the 14th, they went to Shwe Pyi Thar Industrial Zone to observe Deputy Minister of Labor U Myint Thein talk to workers on the Labor Organization Law.

On the 15th the delegation went by plane  went to Naypyidaw and met with the Ministry of Labor headed by the Director General and discussed on the Labor Organization Law, the Prison Code and the Labor Organization Rules .

Returning by car, on the morning of the 16th  Stephen Benedict and Jeffery Vogt  met with Daw Aung San Suu Kyi at the NLD HQ briefly, presented support for the NLD and a letter from the Sister Sharan Burrow, the General Secretary of the ITUC.

After that the delegation also went to Hlaing Tharyar Industrial Zone to observe the work places.
The delegation left Burma / Mynamar on 16th evening.
*****************************************************************************************

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရုံး အမှုဆောင် ညွှန်ကြားရေးမှူး Mr.Guy Ryder ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

January 24th, Filed under news

အလုပ်သမားဝန်ကြီးဌာနနှင့်လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရုံး အမှုဆောင်ညွှန်ကြားရေးမှူး Mr.Guy Ryder ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ (၀၉း၀၀) နာရီတွင် နေပြည်တော် ရုံးအမှတ် (၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သော အလုပ်သမားအဖွဲ့အစည်းဥပဒေအား အမြန်အာဏာ တည်နိုင်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ILO ညီလာခံများနှင့် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးများ၏ နိဂုံးချုပ်မှတ်ချက်ပါ အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ဖြစ်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုပမ်းဆောင်ရွက်နေမှု၊ အငြိမ်းစားဝန်ထမ်းများအား အငြိမ်းစား လစာတိုးမြှင့်ခံစားခွင့် ဆောင်ရွက်ပေးခဲ့မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်တိုးတက်လာမှု၊ အကျဉ်းသားများကို နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံတ၀န်းဝှမ်းလုံးတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် သန္နိဌာန်စိတ်ဖြင့် ဆောက်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် အလုပ်သမားညွှနတ်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့ တက်ရောက်ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရုံးတို့ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူညီချက်ကို စမ်းသပ်ကာလ နောက်ထပ် (၁) နှစ် ထပ်မံသက်တမ်းတိုးမြှင့်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ရုံးကိုယ်စား ILO အမှုဆောင်ညွှန်ကြားရေးမှူး Mr.Guy Ryder တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ILO ရေးရာလုပ်ငန်းအဖွဲ့နှင့် ILO အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တို့သည် အဓမ္မခိုင်းစေမှုပပျောက်ရေးနှစ်ဘက်ပူး ပေါင်းဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ၊ အနာဂတ်လုပ်ငန်းစဉ်များ အသစ်ပြုစုရေးဆွဲရန်ရှိသော အလုပ်သမားရေးရာ ဥပဒေများနှင့် စပ်လျှဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။